အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုပေါ်တွင် အခြေချ နေထိုင်သော ကရင်လူမျိုး ၂၆၀၀ ကျော်ရှိ

အက်ဒမန်ကျွန်း ပတ်လမ်း ကြမ်းကြမ်းပေါ်က မထင်မရှား လမ်းခွဲလေးကနေ ခွဲထွက်လာသော လမ်းကျဉ်းကလေးသည် ဘုရားကျောင်းများ၊ စိုက်ခင်းများ၊ လယ်ကွင်းဟောင်းများကို ကွေ့ ကောက်စွာ ဖြတ်သွားလေသည်။ ကားများ၏အလေးချိန်က သံတံတားကို တုန်သွားစေ၏။ တံတားအောက်က ချောင်းမှာ ပြည့်လျှံနေသော ရေများက မုတ်သုံမိုးကြောင့် နွံရောင်ထနေသည်။ အပူပိုင်းတောများက ချောင်းကမ်းနားများကို ခွေယှက်ဖြာကျနေပြီး ရွာကို ပတ်ပတ်လည် ဝန်းရံထားသည်။ သန့်ရှင်းပြီး သပ်သပ်ရပ်ရပ် စတုရန်းပုံစံ အစိမ်းရောင် လယ်ကွင်းများကြားမှာ တည်ရှိသော ဝီဘီရွာမှာ အက်ဒမန်ကျွန်းအလယ်နှင့် အနောက်မြောက်ပိုင်းရှိ ကရင်လူမျိုး အ သိုင်းအဝိုင်းစုလေး နေထိုင်သည့် ရွာ ၁၂ ရွာအနက် တစ်ရွာဖြစ် သည်။ ခရီးသွားမြေပုံထဲမှာ ဝီဘီ ရွာက မပါပါ။ သို့သော်လည်း ဂျွန်အောင်သမ်၏ စိတ်ထဲမှာ အကြံဉာဏ်များဖြင့် စိတ်လှုပ်ရှားနေသည်။‘‘ကျွန်တော်တို့ … Continue reading အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုပေါ်တွင် အခြေချ နေထိုင်သော ကရင်လူမျိုး ၂၆၀၀ ကျော်ရှိ